ဖြူး မတ် ၁၁
၂၀၂၄ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ယနေ့နံနက်ပိုင်းမှ စတင်ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် စာဖြေဌာန(၃)ခု၌ မြန်မာဘာသာကို စတင်ဖြေဆိုကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် စာဖြေဌာန (၃) ခုဖြစ်သည့် အ.ထ.က(၁)ဖြူးစာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား/ကျောင်းသူ(၄၀၈)ဦး၊ ဖြေဆို(၃၈၅)ဦး၊ ပျက်ကွက်(၂၃)ဦး၊ အ.ထ.က(၂)ဖြူး စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား/ကျောင်းသူ(၁၃၄)ဦး၊ ဖြေဆို(၁၂၀)ဦး၊ပျက်ကွက်(၁၄)ဦး၊ အ.ထ.က (၂) ဇေယျဝတီ စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား/ကျောင်းသူ (၂၂၅) ဦး၊ ဖြေဆို (၂၁၇) ဦး၊ ပျက်ကွက် (၈) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ စာရင်းရှိ(၇၆၇)ဦး၊ ဖြေဆိုသူ (၇၂၂)ဦး၊ ပျက်ကွက်သူ(၄၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ဖြေဆိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူးဒေါ်သီသီကြိုင်နှင့် တာဝန်ရှိသူများသည် သွားရောက်ကြည့်ရှုအားပေးပြီး တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရေး လုပ်ငန်းကော်မတီများ၏ စာစစ်ဌာနအတွင်းအပြင်လုံခြုံရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)