မုံရွာစီးပွားရေးတက္ကသိုလ်တွင် (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

မုံရွာ မတ်  ၁၀

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာစီးပွားရေး တက္ကသိုလ်(၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မုံရွာစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ‌သီတာကြူက  (အခြေခံအားဖြင့်) သင်ကြားပေးလိုက်ကြပြီဖြစ်ပေမယ့် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ၊ ပညာရပ်တွေကို ဆက်လက်ဆည်းပူးလေ့လာသွားရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ဘွဲ့ဒီဂရီတွေ ရကြပြီဖြစ်ပေမယ့် မိမိကိုမိမိ ပညာလေ့လာသင်ယူမှု ပြီးဆုံးပြီလို့ မမှတ်ယူကြပဲ မိမိတို့မှာ လေ့လာစရာတွေ၊ သင်ယူစရာတွေအများကြီး ကျန်နေသေးတယ်ဆိုတာကို သတိပြုစေချင် ပါတယ်။ မောင်မယ်တို့ဟာ အမိတက္ကသိုလ်မှာ လေ့လာသင်ယူခဲ့တဲ့ စီးပွားရေးပညာရပ် တွေပေါ်မှာ အခြေခံပြီး ထူးချွန်ထက်မြတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်များဖြစ်အောင် ကြိုးစား သကဲ့သို့ အခြားလိုအပ်တဲ့ ဘာသာရပ်၊ ပညာရပ်ကျွမ်းကျင်မှုများကိုပါ ဆက်လက်လေ့လာရင်း ဘဝတစ်သက်တာ လေ့လာမှုနယ်ပယ် (Life Long Learning) ကို ပါဝင်သူ၊ ဖန်တီးသူများဖြစ်အောင် ကြိုးစားကြစေကြောင်း၊ ယခုဆိုရင် မောင်မယ်တို့အထဲက ပညာဆက်လက် သင်ယူကြရမည့်သူ အချို့ကလွဲရင် အများစုဟာ လုပ်ငန်းနယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်ကြဖို့ အသင့်ရှိနေကြပြီဖြစ်ပါတယ်။ မောင်မယ်တို့ တာဝန်ထမ်းကြတဲ့အခါမှာ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကိုစောင့်သိပြီး အတူပူးပေါင်းညှိနှိုင်း တိုးတက်အောင် လုပ်ဆောင် တတ်တဲ့ အလေ့အကျင့် ကျင့်သုံးကာ ကျရာတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ကြပါလို့ မှာကြားလိုပါတယ်။ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံ့အကျိုးကို သယ်ပိုးလိုတဲ့စိတ်၊ နိုင်ငံနဲ့လူမျိုးကို ချစ်တဲ့စိတ်၊ အမျိုးကို စောင့်ရှောင့်လိုတဲ့စိတ်တွေကို အမြဲရှင်သန်နေအောင် ဆောင်ရွက်ကြပါ။ နိုင်ငံတော်ကအားထားရတဲ့ အမိစီးပွားရေး တက္ကသိုလ်ဂုဏ်ဆောင် သားကောင်း၊ သမီးကောင်းများ ဖြစ်နိုင်ကြပါစေလို့တိုက်တွန်း အမှာစကားပြောကြားပြီးဘွဲ့ရ‌ မောင်‌မယ်များအား ဘွဲ့များအသီးသီးလက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့သည်။   

အဆိုပါ မုံရွာစီးပွာရေးတက္ကသိုလ် (၂၂) ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ၂၀၁၉-၂၀၂၀ ပညာသင် နှစ်၊ ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တို့မှ တက်ရောက်ဘွဲ့ ယူသူ(၁၅၀)ဦးနှင့် အဝေးရောက်ဘွဲ့ယူသူ(၂၂၂)ဦး စုစုပေါင်း(၃၇၂)ဦးဘွဲ့များ ရရှိခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)