ကျောက်ဆည် မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး၊ ကုန်စည် စီးဆင်းမှု လျင်မြန်စေရေး၊ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားရေး မြို့နယ် လမ်းဦးစီးဌာမှ ဘဏ္ဍာနှစ်အလိုက် ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်းတွင် သံကူကွန်ကရစ် (၃)စင်း ဆောက်လုပ်ပေးသောကြောင့် ကုန်စည်စီးဆင်းမှုများ ပိုမိုလျှင်မြန်လျက်ရှိ ကြောင်း သိရသည်။
အဆိုပါ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ်အရည်အသွေးနှင့်သတ်မှတ်အချိန်ပြီးစီးရေး မြို့နယ်လမ်းဦးစီးဌာန ကြီးကြပ်မှုဖြင့် ကျော်မင်းကျော် ဆောက်လုပ်ရေးကုမ္မဏီမှ တာဝန်ယူပြီး မန္တလေး တိုင်းဒေသကြီး ပြင်ဆင်ထိမ်သိမ်းခြင်းရန်ပုံငွေ (၇၃.၅၀)သန်းဖြင့် လမ်း၏(၃၀)ကီလိုမီတာမှ (၃၄)ကီလိုမီတာ အတွင်းတွင် (၁.၂၅)ကီလိုမီတာနှင့် (၁၂.၂)မီတာရှိ Box Culvert သံကူကွန်ကရစ် တံတား (၃)စင်း တည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်-ဖျောက်ဆိပ်ပင်ရဲရွာလမ်းသည် ရန်ကုန်မန္တလေးကားလမ်း၊ အမှတ်(၂)ခရိုင်ချင်းဆက် လမ်းမကြီး၊ ရဲရွာရေအားလျှပ်စစ်စီမံကိန်းများနှင့် ဒေသခံကျေးရွာများနှင့် ဆက်သွယ်ဖောက်လုပ် ထားသည့် လမ်းမကြီးတစ်ခုဖြစ်ကြောင်းနှင့် တောင်ကျချောင်းရေတိုက်စားမှုမှကင်းဝေးပြီး လမ်းရေရှည် တည်တံ့ရေး Box Culvert သံကူကွန်ကရစ်တံတား တံတား(၃)စင်းဆောက်လုပ်ပေးခြင်းကြောင့် ပြည်သူများအနေဖြင့် ကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာသယ် ယူနိုင်ပြီဖြစ်ကြောင်းနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့်ကဏ္ဍများ ပိုမိုဖွံ့ဖြိးတိုး တက်လာမည်ဖြစ်ကြောင်း လမ်းအသုံးပြုသည့် ပြည်သူများထံမှ သိရသည်။
သက်မောင်(ကျောက်ဆည်)