အမရပူရ ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုကျေးရွာ၊ ကွင်းအမှတ် ၅၇၀-ခ တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရန်အတွက် အောင်နိုင်တိုးမျိုးစပါးကို Drum Seeder ဖြင့် မျိုးစေ့ချကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တောင်သူဦးအောင်မျိုးထွန်း၏ လယ်ဧက ၁.၂၀ ဧကတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမျိုးလှိုင်နှင့် ဒုတိယဦးစီးမှူး ဒေါ်သီတာအေးတို့က မျိုးစပါးဆားရည်စိမ်ခြင်းအား လက်တွေ့ပြသခဲ့ပြီး ရရှိမည့် အကျိုးကျေးဇူးများကို တောင်သူများအား ရှင်းလင်းဆွေးနွေးပြီး Drum Seeder ဖြင့် စိုက်ပျိုးလျှင် လုပ်သားရှားပါးမှုပြဿနာ၊ ဖြေးရှင်းနိုင်ပြီး ကုန်ကျစရိတ်သက်သာသည့် စိုက်ပျိုးနည်းဖြစ်သဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပြခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးဌာန၊ မြို့နယ်ဦးစီးမှ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် တောင်သူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သော Drum Seeder ဖြင့်မျိုး စေ့ချသရုပ်ပြပွဲသို့ အမရပူရမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသောတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)