သထုံမြို့နယ်၊ နောင်ကုလားအလယ်ရွာ လေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့‌ငွေများ ပေးအပ်ပွဲကျင်းပ

သထုံ   ဇူလိုင်  ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာအုပ်စု၊ နောင်ကုလားအလယ်ရွာမှ လေပြင်းဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က လေ‌ပြင်းဘေးသင့်ပြည်သူများကို အားပေးအမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူး ဒေါ်နှင်းသီတာတို့က လေပြင်းဘေးသင့်ပြည်သူများထံ ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့်  အိမ်ဆောက်ပစ္စည်းနှင့် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၂၅၇၅၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးနှင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးအတွက် ငွေကျပ်(၅၀၀၀၀)တို့ကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

နောင်ကုလားကျေးရွာအုပ်စု၊ နောင်ကုလားအလယ်ရွာတွင် ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ရုတ်တရက် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်(၇)လုံး ပြိုကျပျက်စီးပြီး၊ နေအိမ် (၃၀) လုံးတစ်စိတ်တစ်ပိုင်းပျက်စီးကာ အသက်(၄၅)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရရာ ရရှိခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် နောင်ကုလား အလယ်ရွာမှလေဘေးသင့်ခဲ့သည့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်