ညောင်လေးပင် ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ(၃)ရပ်ကွက် အနောက်စုရပ်တွင် လေပြင်းဘေးကြောင့်ပျက်စီးဆုံးရှုံးသွားသောနေအိမ် (၃)လုံးအတွက်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁၄) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ (၃)ရပ်ကွက်အနောက်စုရပ်တွင်လေပြင်းဘေးကြောင့် အမိုးလန် ပျက်စီးဆုံးရှုံးသွားသော နေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၀၀၀၀) ကျပ်၊ လူဦးရေ (၁၄) ဦးအတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၀၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ (၂၀၀၀၀၀) ကျပ်တိတိအား ညောင်လေးပင်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က လေပြင်းဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)