မွန်ပြည်နယ်အစိုးရအဖွဲ့ မှဘီးလင်းမြို့နယ်ရှိ ရေဘေးသင့် အိမ်ထောင်စုများထံ ဆန်နှင့်စားသောက်ကုန်များ ပေးအပ်

ဘီးလင်း ဇူလိုင် ၂၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေ စီးဆင်းမှုကြောင့် ဇူလိုင်လ ၂၄ ရက်မှ စတင်ကာ ဘီးလင်းမြစ်ရေ မြင့်တက်လာသည့်အတွက် မြို့ပေါ်ရပ်ကွက် ၃ ခုနှင့် ကျေးရွာ ၅ ရွာတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးဒဏ်ခံရသည့် ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား မွန်ပြည်နယ်၊ အစိုးရအဖွဲ့မှ လှူဒါန်းသော ဆန်အိတ်(၁၀၀)နှင့် အလှူရှင်များမှ လှူဒါန်းသော၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ရေသန့်ကတ်များကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ ဥက္ကဋ္ဌ ဦးစည်သူအောင်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ရေဘေးကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများထံ ယနေ့ နေ့လယ်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းအထိ ယာယီရေဘေး ရှောင်စခန်း (၈) ခုဖွင့်လှစ်၍ အိမ်ထောင်စု (၅၆၇) စုမှ ကျား (၉၃၄)ဦး၊ မ (၁၁၉၅) ဦး၊ စုစုပေါင်း (၂၁၂၉) ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)