မိုင်းဆတ်မြို့၌ ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jul 26,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်အတွင်းရှိပြည်သူများ ရေဘေးအန္တရာယ်ဆိုင်ရာကာကွယ်ရေးလုပ်ငန်းစဉ်များနားလည်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ် ၍ ရှမ်း၊ မြန်မာ၊ အာခါ၊ လားဟူဘာသာတို့ဖြင့်ထုတ်ဝေထားသော အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။