ကျိုက်ထို ဇူလိုင် ၂၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်သရုပ်ပြသပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်း
ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းထွဋ်အောင်က အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဒေါ်အေးစန္ဒာထွေးက ဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးဝေယံအောင်က မီးဘေးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး အကြောင်းကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်အိမ့်စန္ဒီသော်က ငလျင်ဘေးနှင့်ပတ်သက်၍လည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်နော်ဆုထူးနွယ်က မြေပြိုဘေးနှင့်ပတ်သက်၍ လည်းကောင်းအသီးသီးပြောကြားကာ မီးဘေး၊ ရေဘေး၊ငလျင်ဘေးများကျရောက်လာပါက ရှောင်ရန်၊ ဆောင်ရန်နေထိုင်ရမည့်နည်းလမ်းများကို လက်တွေ့သရုပ်ပြသပြီး သဘာဝဘေးဆိုင်ရာ လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)