စိုက်နည်းစနစ်မှန်ကန်ရေး တောင်သူအသိပညာပေး Talk Show ပြုလုပ်
Jul 21,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနအနေဖြင့် အများပြည်သူအသိပညာပြန့်ပွားရေး အတွက် အသိပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ ပြပွဲ/ပြိုင်ပွဲများ၊ Talk Show များကို ပြုလုပ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၁)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ Community Centre ခန်းမတွင် ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေးနည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ စိုက်နည်းစနစ်မှန်ကန်ရေး တောင်သူ အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်းသိရသည်။