တောင်တွင်းကြီး မတ် ၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား/သူများ ကျောင်းသင်ခန်းစာအထောက်အကူဖြစ်စေရန်ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်၌ အလယ်တန်းအဆင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို သင်တန်းနည်းပြဆရာ ဦးသူရကျော် ကလောင်အမည် ကာတွန်းသူရကျော်က သင်ကြားပေးလျက်ရှိပြီး အရောင်၏သဘော၊ ဆေးသားညီညွတ်အောင်ရေးဆွဲနည်း၊ အရာဝတ္ထုများအထားသိုမှန်ကန်ရေး၊ အလင်းအမှောင်၊ ဆေးရောင်ဖက်စပ်အသုံးပြုခြင်းနှင့် ပတ်ဝန်းကျင်ရှိ အရာဝတ္ထုမျာ းလေ့လာတတ်စေရန် စသည်ဖြင့် ပန်းချီအခြေခံများကို စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်းသိရပြီး သင်တန်းချိန်မှာ နေ့စဉ် နံနက် ၁၀ နာရီမှ ၁၁နာရီခွဲ အထိသင်ကြားပေးလျက်ရှိပြီး သင်တန်းကာလမှာ မတ် ၇ ရက် နေ့မှစ၍ တစ်လကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)