မြောင်းမြမြို့နယ်၌ နေကြာစံကွက်ရိတ်သိမ်းပွဲကျင်းပ

မြောင်းမြ မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၌ နေကြာစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် (၉:၀၀)နာရီအချိန်က ကံကြီးကျေးရွာ တောင်သူဦးမိုးဝင်း၏ လယ်ယာမြေတွင်ဆောင်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များက သပြေချောင်ကျေးရွာရှိ တောင်သူဦးအနိုင်ကွင်းအမှတ် (၂၂၅ ခ)၊ ဦးပိုင်အမှတ်(၁၈/၁၂) လယ်မြေ(၂)ဧကတွင် တစ်နှစ်သုံးသီးစပါးစိုက်ပျိုးရန် ပျိုးထောင်ခြင်းလုပ်ငန်းအား ကြည့်ရူ့အားပေးခဲ့သည်။

ဆက်လက်၍ တောင်သူဦးမိုးဝင်း၏ လယ်ယာမြေ ကွင်းအမှတ်(၂၃၀ခ)၊ ဦးပိုင်အမှတ်(၇/၆) ဆင်းရွှေကြာ(၂)  စိုက်ဧက(၅)ဧက စံကွက်ရိတ်သိမ်းပွဲအား ကြည့်ရူ့အားပေးပြီး ဒေသခံတောင်သူများနှင့် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရန်တွေ့ဆုံဆွေးနွေးခဲ့​သည်။

မြောင်းမြမြို့နယ်တွင် ဆောင်းသီနှံစိုက်ပျိုးရာ၌ နေကြာဧက(၃၈၈) စိုက်ပျိုးရန်လျာထားပြီး  (၄၀၅) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)