သတင်းများ

လပွတ္တာမြို့နယ်တွင် (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန (၇)ခုဖွင့်လှစ်
Mar 06,2024
၂၀၂၄ခုနှစ် မတ်လ(၁၁)ရက်နေ့ မှ (၁၉)ရက်နေ့အထိ နိုင်ငံအဝန်းမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် စာစစ်ဌာန (၇)ခု ဖွင့်လှစ်၍ ကျင်းပသွားမည်ဖြစ်သည်။
မက်မန်းမြို့နယ်တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ဘာသာရေးအဆောက်အဦများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 06,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် မီးဘေးအန္တရာယ် တားစီးကာကွယ်ရေး၊ မီးဘေးလုံ့ခြုံရေးတို့ကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်လွဲပိုင်းအချိန်က မက်မန်းမြို့ရှိ ပညာဒီပကျောင်းတိုက်တွင် မီးဘေးအန္တရာယ် တားစီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်
Mar 06,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသား/သူများ ကျောင်းသင်ခန်းစာအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်၌ အလယ်တန်းအဆင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပ
Mar 06,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ဇေယျာသီရိမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကန့်ဘလူ၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး
Mar 06,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိ
Mar 06,2024
ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးခြင်းကို ရပ်ကွက်၊ ကျေးရွာများနှင့် ရုံးဌာနများသို့ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဝန်ထမ်းများက မြို့နယ်စာရင်းစစ်ရုံးသို့ သွားရောက်၍ ငှားရမ်း‌ပေးခဲ့သည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် သုတ/ရသ စာအုပ်မျိုးစုံ (၁၀၀)ကျော်ကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် Book Club၊ Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Mar 06,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ချစ်သန်း ရေးသားသည့် “ဘဝကိုအဆုံးအဖြတ်ပေးတဲ့အသက်နှစ်ဆယ်ကျော်အရွယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၄ ခုနှစ် G-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းတာဝန်များ ခွဲဝေဖွဲ့စည်း
Mar 06,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၄ ခုနှစ်၊ G-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား/သူများ အေးချမ်းလုံခြုံချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန အပြင်စည်း လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် အုပ်ချုပ်မှုဆိုင်ရာတာဝန်များ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းတာဝန်များ ခွဲဝေဖွဲ့စည်းခြင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။