သတင်းများ

ယင်းမာပင်မြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Jul 21,2023
စစ်ကိုင်းတိုင်း​ဒေသကြီး၊ယင်းမာပင်ခရိုင်ခရိုင်၊ ယင်းမာပင်မြို့တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများက ဇူလိုင် ၁၉ နေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သံဃာတော်အရှင်သူမြတ် (၅) ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 21,2023
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား လူငယ်များ မူးယစ်ဆေးဝါး၏ ဘေးအန္တရာယ်ဆိုးကျိုးများကို သိရှိနိုင်ရန်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုမရှိစေရေးအတွက် အသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
မော်လမြိုင်မြို့ (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီး မြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 20,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမ၌ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် (၇၆)နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာအသိပညာပေး (Talk Show) ပြုလုပ်
Jul 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူပေါင်း၍ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာအကြောင်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲအား ယနေ့‌နံနက်(၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တာမိုးညဲမြို့၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် Talk Show ပြုလုပ်
Jul 20,2023
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ (၂)နာရီအချိန် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ "အာဇာနည်နေ့အကြောင်း သိကောင်းစရာ" အသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့၌ အဆင့်မြင့် စက်ချုပ်သင်တန်း သင်တန်းဆင်းပွဲကျင်းပ
Jul 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၌ အိမ်တွင်းမှုသက်မွေးလုပ်ငန်း အဆင့်မြင့်စက်ချုပ်သင်တန်း သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်း က ရွာသာကျေးရွာခန်းမ၌ ကျင်းပသည်။
စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
Jul 20,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
တွံတေးမြို့နယ်၌ စပါးစိုက်ပျိုးတောင်သူများအား စိုက်ပျိုးရေးချေးငွေထုတ်ချေး
Jul 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ စိုက်ပျိုးရေးချေးငွေ ထုတ်ချေးခြင်းကို ယမန်နေ့နေ့လည် ၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့ကြောင်းသိရသည်။