ကော့သောင်း မတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် ယမန်နေ့ ညနေ (၃) နာရီ အချိန်၌ နဝရတ်အားကစားရုံခန်းမတွင် နွေရာသီ အားကစားသင်တန်း တက်ရောက်နေသည့် ကျောင်းသား/သူ၊ လူငယ်များအား လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ နွေရာသီ အားကစားသင်တန်းတွင် ကျောင်းသား/သူ၊ လူငယ်များအား အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် လူငယ်များ သိသင့်သိထိုက်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပလတ်စတစ်ညစ်ညမ်းမှုနှင့် ပလတ်စတစ် လျှော့ချရေး သိကောင်းစရာများ၊ လူကုန်ကူးမှုမခံရစေရန်နှင့် လူကုန်ကူးမှု အန္တရာယ် ကာကွယ်ရေး အသိပညာပေး အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါး သုံးစွဲမိပါက ဖြစ်ပေါ်လာသော ဆိုးကျိုးများအကြောင်းနှင့် ကလေးအလုပ်သမားများ ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ပြသခဲ့ရာ သင်တန်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)