ဇီးကုန်းမြို့နယ် အ.ထ.က(မြို့မ)ကျောင်း မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးကျင်းပ
Jul 21,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ.ထ.က(မြို့မ)ကျောင်း မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း အစည်းအဝေးခမ်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။