မိုင်းယောင်းမြို့နယ်၌ တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း မတ် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း စစ်ဆေးရေးလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင် ဦးဆောင်သည့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာများတွင် မီးသတိမူရေး ဆော်ဩခြင်းလုပ်ငန်းများနှင့် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီးသတ်ဆေးဘူးများ အသင့်ဆောင်ရွက်ထားရှိမှုများ၊ မီးသုံးစွဲမှုများ၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု(စနစ်ကျ/မကျ)များ စစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အကြံပြုပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)