သတင်းများ

ငါးသိုင်းချောင်းတွင် ကလေးအသက် (၂) လမှ (၁) နှစ်ခွဲအထိ ပုံမှန်ကလေးကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်
Mar 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၂) လမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကလေးကာကွယ်ဆေးထိုးခြင်းကိုယနေ့နံနက် (၀၈:၀၀) နာရီအချိန်ကစတင်ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။
ပူတာအိုမြို့နယ်၌ မုန်လာထုပ်စိုက်ခင်းများ အထွက်နှုန်းကောင်းမွန်သဖြင့် တောင်သူများ အပိုဝင်ငွေရရှိ
Mar 05,2024
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း ယခုနှစ်စိုက်ပျိုးရာသီတွင် မုန်လာထုပ်စိုက်ခင်းများအထွက် နှုန်းကောင်းမွန်ခြင်းနှင့် မုန်လာထုပ်များ ဈေးကောင်းရရှိသဖြင့် မုန်လာထုပ်စိုက်ပျိုးတောင်သူများ အပိုဝင်ငွေရရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်တွင် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
Mar 05,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကျောင်းသား/သူ လူငယ်မောင်မယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ လိမ္မာယဉ်ကျေးစေရန်နှင့် ထူးချွန်ထက်မြက်စေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ပုရွက်ဆိတ်ကုန်းကျေးရွာ အမှတ်(၂၇) အခြေခံပညာမူလတန်းတန်းကျောင်း၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်
Mar 05,2024
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲအား တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ထားဝယ်ခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ပုလဲမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ
Mar 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးရှင်းလင်း ဆွေးနွေးပွအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်းတယ၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Mar 05,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားအား ပွေးလှကျေးရွာအုပ်စု၊ ပွေးလှကျေးရွာရှိ ပွေးလှမြို့လယ်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Mar 05,2024
နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့်  ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန်၊  နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မြောင်းမြမြို့နယ်၌ ဆောင်းသီနှံနေကြာ (၄၀၅) ဧက စိုက်ပျိုးပြီးစီး
Mar 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၌ ဆောင်းသီနှံနေကြာ (၄၀၅)ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မြောင်းမြမြို့နယ်တွင် ဆောင်းသီနှံစိုက်ပျိုးရာ၌ နေကြာဧက (၃၈၈) စိုက်ပျိုးရန် လျာထားပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် နေကြာ (၄၀၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်သည်။