သတင်းများ

မိုင်းယုမြို့၌ ရာသီပေါ်သခွားမွှေးများ ခူးဆွတ်ရောင်းချြခင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jul 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ရှိ ဒေသခံတောင်သူများသည် မိုးစပါးစိုက်ပျိုးပြီးစီးချိန်တွင် ရာသီပေါ်သခွားမွှေးများ ဝင်းမှည့်လာပြီဖြစ်သဖြင့် မိမိတို့၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးခြံများမှ သခွားမွှေးများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ အဆင်ပြေကြကြောင်း သိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဂူပြောက်ငယ်ဘုရားရှိ အေဒီ ၁၂ ရာစုအစောပိုင်းက ရေးဆွဲထားခဲ့သည့် နံရံပန်းချီလက်ရာများနှင့်ဗိသုကာလက်ရာများကိုလေ့လာနိုင်
Jul 21,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဂူပြောက်ငယ်ဘုရားအတွင်းရှိ အေဒီ ၁၂ ရာစုအစောပိုင်းပိုင်းက ရေးဆွဲထားခဲ့သည့် နံရံဆေးရေး ပန်းချီများနှင့် ဗိသုကာလက်ရာများကိုလေ့လာနိုင်ကြောင်းသိရသည်။
သီပေါမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး
Jul 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့ နံနက်(၉)နာရီက စတင်၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်ပေး
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ "ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် ဝန်ထမ်းများက အမှတ်(၈၉)ရပ်ကွက်ရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲ့မြို့နယ် စာဖတ်ရှိန်မြင့်တင်ရေးအတွက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ
Jul 21,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူငယ်များအသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် လစဉ်စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော ရိုးရိုးကျင့်မြင့်မြင့်ကြံ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အ.လ.က(၂) ဝါးခယ်မမြို့ကျောင်း၌ လူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ
Jul 21,2023
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အ.လ.က(၂) ဝါးခယ်မမြို့ကျောင်း၌ လူငယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စုတွင် မိုးရာသီစုပေါင်းသစ်ပင် ၂၀၀ စိုက်ပျိုးပွဲ ကျင်းပ
Jul 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စုတွင် မိုးရာသီ စုပေါင်းသစ်ပင် ၂၀၀ စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာ ဘောလုံးကွင်းဘေးပတ်လည်၌ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့သည်။
ရွှေတောင်မြို့၊ အ.ထ.က(သရက်တော)ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 21,2023
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.က(သရက်တော)ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကိုယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။