သတင်းများ

အုတ်တွင်းမြို့ပေါ်ရပ်ကွက်အတွင်းသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်း
Mar 06,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယနေ့မွန်းလွဲပိုင်းက ပဲခူးလမ်း ရပ်ကွက်အတွင်းသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်း ဆောင်ရွက်သည်။
မိုင်းတုံမြို့၌ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီအဖွဲ့နှင့် လုပ်ငန်းရှင်များပူးပေါင်း၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Mar 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီအဖွဲ့နှင့် လုပ်ငန်းရှင်များပူးပေါင်း၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၀) ခုဖွင့်လှစ်
Mar 06,2024
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့ မှ ၁၉ ရက်နေ့အထိ နိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ယခုနှစ်၌ စာစစ်ဌာန (၁၀)ခု ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Mar 06,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့စာစစ်ဌာန၌ ၂ဝ၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄ခုနှစ် တက္ကသိုလ်စာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၃၁၇) ဦး စာဖြေဌာန (၂) ဖြင့် ကျင်းပဆောင်ရွက်မည်
Mar 06,2024
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄ခုနှစ် တက္ကသိုလ်စာမေးပွဲကို စာဖြေဌာန (၂) ဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မအူပင်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေး
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ (၁၁)ရက်နေ့မှ စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဝင်ရောက်ဖြေဆိုမည့်ကျောင်းသား‌၊ ကျောင်းသူများ အေးချမ်းစွာစာ‌မေးပွဲဖြေဆိုနိုင်ရေးနှင့် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေးအတွက် ယနေ့ နံနက် (၉)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနနှင့်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ လယ်ကိုင်းအခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
သဲကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၅၄၂)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 06,2024
၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းတွင် မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ကျောင်းသား၊ ကျောင်းသူ(၅၄၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်
Mar 06,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌  ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံလူငယ်များအား နွေရာသီကျောင်းပိတ်ရက်ရှည်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံ အားကစားသင်တန်းများကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစတင်ကာ မြို့မအားကစားဘောလုံးကွင်းတွင် အခမဲ့ ဖွင့်လှစ်ပြသလျက်ရှိကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရသည်။