သတင်းများ

ရမည်းသင်းမြို့၊ သီလဝခန်းမ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Mar 08,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၌ ပြည်သူများ ပြည်သူ့စ်မှုထမ်းဥပဒေ အကြောင်းအရာများ သိရှိလိုက်နာနိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက သီလဝခန်းမ၌ ကျင်းပြုလုပ်သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆီထွက်သီးနှံ(နေကြာ) စံကွက်ရိတ်သိမ်းပွဲအား တက်ရောက်အားပေး၊ Grade-12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ အားပေး
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာရှိ တောင်သူဦးရဲမြတ်အောင်၏ စိုက်ဧက(၁၀)ဧက၌ ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံ ဆီထွက်သီးနှံ(နေကြာ) Super sun-41 နေကြာမျိုးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ကျောက်ဆည်မြို့နယ် အနောက်ငါးဆူကျေးရွာတွင် ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်သဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိ
Mar 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အနောက်ငါးဆူကျေးရွာတွင် ခရမ်းချဉ်စိုက်ခြင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်သဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် စိုက်ပျိုးမြေ အမျိုးအစားနှင့် ရာသီဥတု အခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရပြီး ခူးဆွတ်ရောင်းချချိန် (၃)လခန့်ကြာမြင့်ကြောင်း သိရသည်။
တံတားဦးမြို့တွင် ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းတွင် အားကစားပစ္စည်းများထောက်ပံ့
Mar 07,2024
နွေရာသီ ကျောင်းပတ်ရက်အား အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ အားကစားအခြေခံရှိသော မျိုးဆက်သစ် လူငယ်အားကစားများ ပေါ်ထွန်းလာစေရေး၊ အားကစားပြုလုပ်ခြင်းဖြင့် တံတားဦဂမြို့နယ်တွင် ၂၀၂၄ ခုနှစ် နွေရာသီအားကစားသတန်းတွင် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေ (၃)နာရီက သက်ဆိုင်ရာ အားကစားကျင်းပသည့်နေရာများသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်းသိရသည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေးအသိပညာပေး လုပ်ငန်းဆောင်ရွက်
Mar 07,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)၏ "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Mar 07,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိ စေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာရေးဆရာမောင်ခင်မင် (ဓနုဖြူ)ရေးသားသော "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ"စာအုပ်ဖြင့်  စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် ဖလန်ကန်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး ကျေးလက်ရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Mar 07,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ဖလန်ကန်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သံတောင်ကြီးဒေသတွင် ရော်ဘာရွက်ကြွေချိန် ရောက်ရှိလာ၍ ရော်ဘာအစေးလှီးခြင်းလုပ်ငန်းများ ခေတ္တရပ်နားထား
Mar 07,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စိုက်ပျိုးထားရှိသည့် ရော်ဘာပင်များ အရွက်ကြွေချိန် ရောက်ရှိနေသည့်အတွက် ရော်ဘာအစေးလှီးခြင်းလုပ်ငန်းများကို ခေတ္တရပ်နားထားကြောင်း ရော်ဘာစိုက်ပျိုးသောတောင်သူများထံမှ သိရသည်။