ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှိမ်နင်းရေး အသိပညာပေးဟောပြော
Jul 20,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက် ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှိမ်နင်းရေး အသိပညာပေးဟောပြောခြင်းကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်က မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှိ မေယုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။