အောင်လံ မတ် ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ဦးဆောင်၍ ပြည်သူများအဆင်ပြေစေရန် အခြေခံစားသောက်ကုန်နှင့် သားငါးများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက် ၇ နာရီက တရော်ကုန်းရပ်ကွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာသို့ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ အောင်လံမြို့နယ် ကုန်သည်ကြီးများအသင်းတို့က မြို့နယ်အတွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်နှင့် သားငါးများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန်တစ်ပြည် (၃၀၀၀/-)ကျပ်နှုန်းဖြင့် (၂၀)အိတ်၊ ဆီ ၁ ပိဿာ (၅၈၀၀/-)ကျပ်နှုန်းဖြင့် (၁၅၀)ပိဿာ၊ ဆိတ်သား ၁ ပိဿာ (၁၆၀၀၀/-)ကျပ်နှုန်းဖြင့် (၃)ပိဿာ၊ ကြက်ဥတစ်လုံး (၂၂၀/-)ကျပ်နှုန်းဖြင့် (၆၀၀)လုံး၊ ကြက်သား ၁ ပိဿာ (၁၁၀၀၀)ကျပ်နှုန်းဖြင့် (၁၅)ပိဿာ၊ ဝက်သား ၁ ပိဿာ (၁၂၀၀၀/-)ကျပ်နှုန်းဖြင့် (၈)ပိဿာ စသည့် အခြေခံစားကုန်နှင့် သားငါးများကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ကြာသပတေးနေ့တိုင်း စဉ်ဆက်မပျက် ရောင်းချပေးခဲ့ရာ ယနေ့စုစုပေါင်း ရောင်းချတန်ဖိုးငွေကျပ် (၂၇၅၁၀၀၀/-) (ကျပ်နှစ်ဆယ့်ခုနှစ်သိန်းငါးသောင်း တစ်ထောင်တိတိ) ဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)