သတင်းများ

အလုံမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Aug 15,2023
လူငယ်များ အသိပညာ ဗဟုသုတများနှင့် ပြည့်စုံပြီး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊  အလုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို  ယမန်နေ့နံနက် ၁၀ နာရီ က အလုံမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၊  အနန္တပညာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေး မြို့နယ်အဆင့်အထိမ်းအမှတ် ကျင်းပ
Aug 15,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ မြို့နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားကို သြဂုတ်လ ၁၃ ရက် ညနေက မင်းပြားမြို့နယ် ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
စမ်းချောင်းမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့်   လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့၊ မွန်းလွဲ(၃)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဟိုပန်မြို့နယ်ရှိ တောင်သူများအား မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်
Aug 15,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဟိုပန်မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအား မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေး ယူရီးယားဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
မူဆယ်မြို့ အ.ထ.က(ခွဲ) မန့်ဝိန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Aug 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အ.ထ.က(ခွဲ)မန့်ဝိန်းကျောင်းတွင် ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က ကျောင်းသူ/ကျောင်းသားများ လိမ္မာရေးခြားရှိလာစေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ လူကောင်းလူတော်များ ဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကိုပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနား တက်ရောက်
Aug 15,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများအထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊  တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အမ်းမြို့နယ် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Aug 15,2023
ရခိုင်ပြည်နယ်၊  အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်းကျောင်းတို့ ပူးပေါင်း၍ သင်တန်းသားအမျိုးသမီးငယ်များ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည်များ ရင့်သန်လာစေရန်၊ အကောင်းအဆိုးအမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊  လူအများရှေ့ မှောက်တွင် ပြောရဲ ဆိုရဲသည့်သတ္တိ ရှိလာစေပြီး နှတ်မှုစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ကျိုက်လတ် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ယမန်နေ့နံနက် (၁၁)နာရီက အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။