မိုင်းခတ်မြို့နယ်၌ ၂၀၂၄ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်း စတင်ဖွင့်လှစ်

မိုင်းခတ် မတ် ၅

ရှမ်းပြည်နယ်(အရှေပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ၂၀၂၄ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းကို ယနေ့နံနက် (၈) နာရီအချိန်က အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားကွင်း၌ စတင်ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မိုင်းခတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးကျော်ဌေးက မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်ဆိုသည့် ဆောင်ပုဒ်အတိုင်း အားကစားများ နေ့စဉ်ပြုလုပ်နေခြင်းဖြင့် ပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် လွယ်ကူစွာယှဉ်ပြိုင်နိုင်ရန် လူငယ်များအတွက် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး သင်တန်းများကိုစတင်ပို့ချခဲ့သည်။

အဆိုပါသင်တန်းတွင် ဘောလုံး၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒိုစသည့် အားကစားနည်း (၅) မျိုးကို  အားကစားနည်းအလိုက် သင်တန်းနည်းပြဆရာများဖြင့် မတ်လ ၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပိတ်ရက်မရှိ အခမဲ့သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)