နတ်မောက်မြို့နယ်၌ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Jul 27,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နတ်မောက်မြို့နယ်၌ အခြေခံစားသောက်ကုန်များကို ပြည်သူများထံသို့ သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် ၇ နာရီအချိန်က မြို့မဈေးကြီးအနီး မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးရှေ့တွင် အရောင်းဆိုင်ဖွင့်လှစ်ရာ အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။