ရေစကြို မတ် ၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးသိန်းဝင်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းမောင်က အဂတိလိုက်စားမှုဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးသန့်ဇင်အောင်က အဂတိလိုက်စားမှုဥပဒေဆိုင်ရာများနှင့်ပတ်သက်ပြီး အသိပညာပေး ရှင်းလင်းပြောကြားကြသည်။ ထို့နောက်တက်ရောက်လာသူများက ရှင်းလင်းဆွေးနွေးပြောကြားမှုများအပေါ် သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပြန်လည်ဖြေကြားခဲ့ကြသည်။
အခမ်းအနားသို့ တက်ရောက်လာကြသည့် ရပ်ကွက်၊ ကျေးရွာပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မောင်လုလင် (ရေစကြို)