မိုင်းဆတ်မြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်

မိုင်းဆတ် မတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းကို မတ်လ (၇) ရက်နေ့တွင် အောင်ဇေယျဘက်စုံအားကစားကွင်း၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အနာဂတ်မျိုးဆက်သစ်လူငယ်များ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး ထူးချွန်ထက်မြက်သည့် အားကစား သမားကောင်းများမွေးထုတ်ပေးနိုင်ရန်နှင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ အားကစားနည်းအလိုက် အခြေခံနည်းစနစ်များကို စနစ်တကျ တတ်မြောက်အောင် အခမဲ့လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုပါက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်းနှင့် စားပွဲတင်တင်းနစ်စသည့် အားကစားနည်းများကို မတ်လ (၇) ရက်နေ့မှ (၂၃) ရက်နေ့အထိ (၁၇) ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

မြင့်မောင်(မိုင်းဆတ်)