သတင်းများ

ဒလမြို့နယ်တွင် မိုးရာသီ လေကာအုန်းပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 27,2023
သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် သစ်တောဦးစီးဌာနနှင့် ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ဦးဆောင်ကာ  မိုးရာသီလေကာ အုန်းပင်စိုက်ပျိုးပွဲကို  ယနေ့နံနက်(၈)နာရီအချိန်က သမတကမ်းခြေရပ်ကွက်  ကျောက်စွဲဝန်း၌ ကျင်းပသည်။   
ခရမ်းမြို့နယ် ဆင်မင်းအိုင် ကျေးရွာတွင်ပန်းခင်းစီမံချက် (၂) ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jul 27,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့်အတူဝန်ထမ်းများ၊ ဆင်မင်းအိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် ဆင်မင်းအိုင်ကျေးရွာ ဘုန်းတာ်ကြီးကျာင်း ဓမ္မာရုံတွင် ယမန်နေ့ နံနက် (၉:၀၀) နာရီမှ ပန်းခင်းစီမံချက် (၂) ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကိုကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကိုကိုးကျွန်းမြို့နယ်တွင် လေယာဉ်ခရီးစဉ်ပြေးဆွဲ
Jul 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ ဒေသခံပြည်သူများ သွားလာရေး လွယ်ကူစေရန်နှင့် စားသောက်ရေးအစဉ်ပြေရန်အတွက် တပ်မတော်လေမှ ဇူလိုင် ၂၅ရက်နေ့ နံနက်တွင် ရန်ကုန်မလေဆိပ်မှ ကိုကိုးကျွန်းလေဆိပ်သို့ လေယဉ်ခရီးစဉ် ပြေးဆွဲခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်၊ အ‌ခြေခံပညာမူလတန်းကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jul 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျောင်းသား/ သူများကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက် ယနေ့နံနက် ၉:၃၀နာရီက၊ အ.မ.က ၁၄ကျောင်းတွင် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ကျောင်းသား/ သူ (၉၁)ဦးထိုးနှံပြီး ဖြစ်ကြောင်းနှင့်ကျန်ရှိနေသော ကျောင်းသား/ သူများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်​ဖြစ်ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရပ်ကွက်/ ကျေးရွာများအတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွား(၄၁၈)ဦးအတွက် လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ခြင်း
Jul 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင်အသက် ၈၅နှစ် အထက်ရှိဘိုးဘွား (၄၁၈) ဦးအတွက် လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို  မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အဘိုးအဘွားများထံ အိမ်တိုင်ရာရောက် ယနေ့နံနက်ပိုင်း(၉)နာရီအချိန်က သွားရောက်ထောက်ပံ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရန်ပျက်ကွက်သည့် ကလေးငယ်များနှင့်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံဖူးခြင်းမရှိသည့် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ရပ်ကွက်များအလိုက် Mobile စနစ်ဖြင့်ဆောင်ရွက်
Jul 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်ငါးနှစ်အောက် ကလေးငယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရ​သေးသည့် ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသော
ကျွန်းလှမြို့နယ်၌ တန်ဖိုးသင့်စားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချ
Jul 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တန်ဖိုးသင့်ကုန်ပစ္စည်းများ ‌ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် ယနေ့နံနက် ၆ နာရီက ကျွန်းလှမြို့သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်စကားဝိုင်း ပြုလုပ်
Jul 26,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးနှင့်လေးကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။