သတင်းများ

မိုင်းစံမြို့ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Mar 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ စက်သုံးဆီအရောင်းဆိုင်များအတွင်း စက်သုံးဆီပြတ်လတ်မှုမရှိစေရေးနှင့် ဓာတ်ဆီ၊ စက်ဆီ စျေးနှုန်းများ ပုံမှန်ရောင်းချနေမှုရှိ၊ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Mar 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အ.ထ.က-ခွဲ(လ-၂)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်
Mar 05,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်လျော့နည်းစေရန်နှင့် ကလေးအလုပ်သမား၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉:၀၀)နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြသခဲ့သည်။
မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ (စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာကုန်ထုတ်လမ်း ရာနှုန်းပြည့် ပြီးစီးနေမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Mar 05,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်၌ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နန့်လှိုင်ကျေးရွာ (စာထားကွင်း) ဆီထွက်သီးနှံ လယ်ယာကုန်ထုတ်လမ်းအား ရာနှုန်းပြည့်ပြီးစီးမှု အခြေအနေများကို ယမန်နေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မအူပင်မြို့တွင် (၄၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သုဓမ္မာပရိယတ္တိဝိနယာဓိက စာမေးပွဲကြီး ကျင်းပ
Mar 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၄၇)ကြိမ်မြောက်မြို့နယ်လုံးဆိုင်ရာ သုဓမ္မာပရိယတ္တိဝိနယာဓိက စာမေးပွဲကြီးကို ယနေ့မွန်းလွဲ(၁)နာရီက အမှတ် (၄)ရပ်ကွက် မြို့လယ် ကျောင်းတိုက်ရှိ မဟာအတုလသကျသီဟချမ်းသာကြီးဘုရားတန်ဆောင်းတော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။
ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၇) ရှိ ခရစ်တော်၏ အသင်းတော်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Mar 05,2024
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေး အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက်  ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ယနေ့ မွန်းလွဲ ၁၃ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၇) ရှိ  ခရစ်တော်၏ အသင်းတော်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပသည်။
ဒေးဒရဲမြို့နယ်တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ဘာသာရေး အဆောက်အဦများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
Mar 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ မီးဘေးလုံခြုံရေးတို့အတွက် မြို့ပေါ်ရပ်ကွက်များရှိ ဘာသာရေး အဆောက်အဦများသို့ တာဝန်ရှိသူများ ကွင်းဆင်းကာ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက် တောကျောင်းတိုက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 05,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် ကန်နီပေါက်ကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Gabion Box ကျောက်ဖြည့်ကမ်းထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများကို မတ် ၄ ရက်၊ နံနက် ၉နာရီအချိန်က ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။