နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများကို ဒုတိယနေ့ ကွင်းဆင်းကြည့်ရှုအားပေး
Jul 27,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၂၁၆) ရှိ နေပြည်တော် နို့စားနွားမွေးမြူရေးခြံနှင့် နို့ပေါင်းစက်ရုံသို့ သွားရောက်၍ ကြည့်ရှုအားပေးရာ နေပြည်တော် နို့စားနွား မွေးမြူရေးခြံနှင့် နို့ပေါင်းစက်ရုံ တာဝန်ခံ ဒေါက်တာနှင်းဝတ်ရည်က ပညာပေးရေးနှင့် သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများ၊ လက်ရှိဆောင်ရွက်နေသည့် နို့စားနွားမျိုးများ ဖြန့်ဝေမှုများကိုလည်းကောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းရှင်များက လက်ရှိဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းများနှင့် ရှေ့ဆက်လက် တိုးချဲ့မွေးမြူမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။