သတင်းများ

ကျွန်းစုမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်း ကွင်းဆင်းဆောင်ရွက်နေမှုနှင့် Biometric Data များ စာရင်းကောက်ယူနေမှုအား တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က လာရောက်ကြည့်ရှု
Jul 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက တိုင်းရင်းသားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ ရရှိရေးအတွက် ပန်းခင်းအဆင့်(၂)စီမံချက်အရ ကွင်းဆင်းဆောင်ရွက်နေမှုနှင့် Biometric Data များ စာရင်းကောက်ယူနေမှုအား ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲ အချိန်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်နေမှုနှင့် Biometric Data များ စာရင်းကောက်ယူနေမှုအား တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က လာရောက်ကြည့်ရှု
Jul 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက တိုင်းရင်းသားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေရရှိရေးအတွက် ပန်းခင်းအဆင့်(၂)စီမံချက်အရ ကွင်းဆင်းဆောင်ရွက်နေမှုနှင့် Biometric Data များ စာရင်းကောက်ယူနေမှုအား ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲ အချိန်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကေ့ာကရိတ်မြို့အ-ထ-က(နဘူး)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲပြုလုပ်
Jul 27,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်အားကစားပစ္စည်းပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က အ-ထ-က(နဘူး) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦး‌အောင်ကြည်သိန်း ပေါင်မြို့နယ် ပင်လယ်ကမ်းခြေတွင် အပြည်ပြ,ည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်အားပေး
Jul 27,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ဇီးကုန်းကျေးရွာ ပင်လယ်ကမ်းခြေတွင် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈)နာရီက ကျင်းပရာ
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၆၂)ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်(၄)ဓါတ်ခွဲ (၈)လ သင်တန်းဖွင့်ပွဲနှင့်“WORLD HEPATITIS DAY” အထိမ်းအမှတ် အခမ်းအနား တက်ရောက်
Jul 27,2023
မွန်ပြည်နယ်၊ မော်လမြိုင်တွင် (၆၂)ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်(၄)ဓါတ်ခွဲ (၈)လ သင်တန်းဖွင့်ပွဲနှင့်“WORLD HEPATITIS DAY” အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင် ၂၆ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ 
ကြယ်လိပ်သားပေါက်ရာသီပြီးဆုံးချိန် ကြယ်လိပ်သားပေါက် ၂၁၄၀ ကောင်ပေါက်ဖွားရှင်သန်ခဲ့
Jul 27,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံမြို့ရှိသစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့တောဉယျာဉ်တွင် မြန်မာ့ကြယ်လိပ်များအား ခြံလှောင်မွေးမြူထားရှိကြောင်း သိရ သည်။ ရည်ရွယ်ချက်မှာ မြန်မာတစ်နိုင်ငံထဲသာရှိသည့် ဌာနေဖွားမျိုး စိတ်ဖြစ်ပြီး နေရင်းဒေသ များတွင်မျိုးသုဉ်းရ န်အလွန်နီးကပ်နေခြင်းကြောင့် မျိုးဆက်မပျက်သုဉ်းရေးအတွက် မွေးမြူ၍ ပေါက်ဖွားလာစေရန်၊ တိုးပွားလာသောသားပေါက်များကို ၄င်းတို့နေရင်းဒေသများသို့ ပြန်လွှတ်ပေးရန်၊ ကြယ်လိပ်ဝါသနာရှင်များ၊ ကြယ်လိပ်ပညာရှင် များသုတေသနပြုနိုင်ရန်နှင့် အများ ပြည်သူများ အနီးကပ်လေ့လာကြည့်ရှုနိုင်စေရန်တို့အတွက်ဖြစ်ကြောင်း လောကနန္ဒာဘေးမဲ့ တောဉယျာဉ်အုပ်ချုပ်ရေးမှူး ဒေါ်လေးလေးခိုင် ထံက သိရသည်။
ဒဂုံတက္ကသိုလ်၌ ဥပဒေပညာရပ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
Jul 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ်) မြို့နယ်ဒဂုံတက္ကသိုလ်တွင် ဥပဒေပညာရပ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် (၁၀)နာရီတွင်ကျင်းပခဲ့သည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ပြဿဒ်ကြီးဘုရား တည်ဆောက်ထားမှု ဗိသုကာပညာရပ် ကျွမ်းကျင်မှုကို လေ့လာနိုင်
Jul 27,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ အေဒီ ၁၃ ရာစု အစောပိုင်း ကတည်ထားခဲ့သည့် ပြဿဒ်ကြီးဘုရား တည်ဆောက်ထားသည့် ဗိသုကာပ ညာရပ်ကျွမ်းကျင်မှုများကို လေ့လာနိုင်ကြောင်း သိရသည်။