ကော့ကရိတ် ဇူလိုင် ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်အားကစားပစ္စည်းပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က အ-ထ-က(နဘူး) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်အေးအေးအောင်က လူငယ်များကိုယ်လက်ကျန်းမာကြံ့ခိုင်စေရေးအတွက် လူငယ်နှင့် အားကစားအကြောင်း သိကောင်းစရာ အကျိုးကျေးဇူးတို့ကို အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ အထက(နဘူး) ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)