ကျွန်းစုမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်း ကွင်းဆင်းဆောင်ရွက်နေမှုနှင့် Biometric Data များ စာရင်းကောက်ယူနေမှုအား တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က လာရောက်ကြည့်ရှု

ကျွန်းစု ဇူလိုင် ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက တိုင်းရင်းသားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ ရရှိရေးအတွက် ပန်းခင်းအဆင့်(၂)စီမံချက်အရ ကွင်းဆင်းဆောင်ရွက်နေမှုနှင့် Biometric Data များ စာရင်းကောက်ယူနေမှုအား ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲ အချိန်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မြို့ပေါ် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၆)ကတ်နှင့် အိမ်ထောင်စုလူဦးရေးစာရင်း (၁၇)စု ဆောင်ရွက်ပေးခဲ့ရာ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအား ညွှန်ကြားခဲ့ကာ ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို သက်ဆိုင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျွန်းစုမြို့ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ကျွန်းစုမြို့နယ်ဦးစီးမှူး ဦးဆောင် ၍ ဝန်ထမ်းများက Biometric အချက်အလက်များ ကောက်ယူရာတွင် အသုံးပြုသည့် စက်ပစ္စည်းများဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား စာရင်းကောက်ယူ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအား ညွှန်ကြားခဲ့သည်။ ကျွန်းစုမြို့နယ်၌ Biometric Data များ စာရင်းကောက်ယူ ဆောင်ရွက်ပြီးစီးသည့် တစ်ဦးချင်းစီအား  QR Code ပါသည့်  Unique ID နံပါတ် စာရွက် ပြန်လည်ထုတ်ပေးခဲ့ရာ ယနေ့အထိ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်(၁၀၇၀)ဦးကို စာရင်းကောက်ယူ ဆောင်ရွက်ပြီးစီးခဲ့ ပြီးဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)