ညောင်ဦး ဇူလိုင် ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံမြို့ရှိသစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့တောဉယျာဉ်တွင် မြန်မာ့ကြယ်လိပ်များအား ခြံလှောင်မွေးမြူထားရှိကြောင်း သိရ သည်။ ရည်ရွယ်ချက်မှာ မြန်မာတစ်နိုင်ငံထဲသာရှိသည့် ဌာနေဖွားမျိုး စိတ်ဖြစ်ပြီး နေရင်းဒေသ များတွင်မျိုးသုဉ်းရ န်အလွန်နီးကပ်နေခြင်းကြောင့် မျိုးဆက်မပျက်သုဉ်းရေးအတွက် မွေးမြူ၍ ပေါက်ဖွားလာစေရန်၊ တိုးပွားလာသောသားပေါက်များကို ၄င်းတို့နေရင်းဒေသများသို့ ပြန်လွှတ်ပေးရန်၊ ကြယ်လိပ်ဝါသနာရှင်များ၊ ကြယ်လိပ်ပညာရှင် များသုတေသနပြုနိုင်ရန်နှင့် အများ ပြည်သူများ အနီးကပ်လေ့လာကြည့်ရှုနိုင်စေရန်တို့အတွက်ဖြစ်ကြောင်း လောကနန္ဒာဘေးမဲ့ တောဉယျာဉ်အုပ်ချုပ်ရေးမှူး ဒေါ်လေးလေးခိုင် ထံက သိရသည်။
ကြယ်လိပ်များမျိုးဆက်မပျက်သုဉ်းရေးအတွက် မွေးမြူပေါက်ဖွားလာစေသည့်ရည်ရွယ်ချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် လောကနန္ဒာဘေးမဲ့တောဉယျာဉ်တွင် ကြယ်လိပ်အထီး (၄၂)ကောင်၊ အမ (၄၀)ကောင်၊စုစုပေါင်း (၈၂)ကောင်ကို ၂၀၀၁ ခုနှစ် တွင်စတင်မွေးမြူခဲ့ ကြောင်း၊ မွေးမြူစဉ်က ခုဂဏန်း၊ ဆယ်ဂဏန်းမျှသာပေါက်ဖွားနှုန်းရှိခဲ့ သော်လည်း ယခုအခါ နှစ်စဉ် ထောင်နှင့်ချီပေါက်ဖွားလာနေပြီဖြစ်ကြောင်း ယခင်နှစ်က ကြယ်လိပ်သားပေါက် (၁၅၇၆) ကောင်ပေါက်ဖွားခဲ့သော်လည်း၊ ယခု ၂၀၂၃ ခုနှစ်၊ ကြယ်လိပ်သားပေါက်ရာသီပြီးဆုံးချိန် ကြယ်လိပ်သားပေါက် (၂၁၄၀)ကောင်ပေါက်ဖွားခဲ့ကြောင်းနှင့် သားပေါက်ရာသီကုန်ဆုံးချိန် ၂၀၂၂ ခုနှစ်ကထက် (၅၆၄) ကောင်ပိုမို ပေါက်ဖွားခဲ့ကြောင်း ဒေါ်လေးလေးခိုင်းမှ ရှင်းပြသည်။ အရွယ်ရောက်ကြယ်လိပ်မ ၁၆၃ ကောင်ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့ မှ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့အထိ ဥကျင်း (၄၅၈)ကျင်း၌ ကြယ်လိပ်ဥလုံးရေ ၂၉၉၃ လုံးဥထားခဲ့ကြောင်း၊ ဥဥရာတွင်မြေကြီးအတွင်း နက် ၆ လက်မခန့်နှင့် ဥကျင်းအကျယ် ၄ လက်မခန့်ကျင်းများထဲတွင် ဥချခဲ့ကြောင်း၊ ဥကျင်းများထဲတွင် ၃ လမှ ၉ လအထိကြာမြင့် တတ်သည့်အတွက် နေရာပျောက် မသွားစေရန် ဥကျင်းနှင့် ၈ လက်မအကွာလောက်တွင် မှတ်တိုင်စိုက်ထူ၍ထားရကြောင်း၊ ယင်းမှတ်တိုင်တွင် လိပ်မအမှတ် ၊ဥဥသည့်ရက်စွဲ၊ ဥအလုံးအရေအတွက်၊ အကြိမ်ရေ၊ လိပ်ကျင်း တည်နေရာပြမျှားတို့ကို စိုက်ထူဖော်ပြထား ကြောင်း၊ သို့ဖြစ်သည်တို့ရှိရာလောကနန္ဒာဘေးမဲ့ တောဉယျာဉ် ကြယ်လိပ်မွေးမြူရေးခြံသည် ကမ္ဘာပေါ်တွင် ကြယ်လိပ်အကောင်ရေအများဆုံးရှိသည့် ခြံတစ်ခြံအဖြစ် တည်ရှိနေကြောင်း၊ နှစ်စဉ်ကြယ်လိပ်ကောင်ရေ (၁၀၀၀)ကျော်ပေါက်ဖွားလျက်ရှိပြီး မျှော်မှန်းချက် ထက်ပင်ကျော်လွန်ပေါက်ဖွားနေသည့်အတွက် မြန်မာ့ရှားပါးမျိုးစိတ် ကြယ်လိပ်ထုတ်စက်ရုံဟုပင် ပြည်သူများတင်စားခေါ်ဝေါ်နေကြကြောင်းလည်းသိရသည်။
၂၀၀၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ (၂၃)နှစ်တာကာလအတွင်း ပေါက်ဖွားနှုန်းအကောင်း ဆုံးနှစ်ဖြစ်ပြီး လောကနန္ဒာဘေးမဲ့တောဉယျာဉ်ရှိအရွယ်စုံကြယ်လိပ် (၁၀၈၈၈)ကောင်ရှိနေပြီး၊ နေရင်းဒေသ များသို့ပြန်လည်စေလွှတ်ခဲ့သည့် ကြယ်လိပ် (၂၆၅၀)ကောင်နှင့်ဆိုပါ က (၁၃၅၃၈)ကောင် ပေါက်ဖွားခဲ့ပြီးဖြစ်ရာ မြန်မာမျိုးစိတ်ဖြစ်သည့် ကြယ်လိပ်များသည် မြန်မာမြေပေါ်တွင် ထာဝရ ရှင်သန်ပေါက်ဖွားနေထိုင်ကြတော့မည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို လည်း မြန်မာ့မျိုးစိတ်ကြယ်လိပ်များ ကမ္ဘာ့အလယ်ဝင့်ထည်စွာဂုဏ်ဆောင်နေကြလိမ့် မည်ဖြစ်ပြီး ကြယ်လိပ်များ၏နေရင်းဒေသ ဖြစ်သော အရွယ်ရောက်ကြယ်လိပ်များအား မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး/စကု မြို့နယ်ရှိ ရွှေစက်တော်ဘေး မဲ့တောဥယျာဉ်နှင့်မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီး မြို့နယ် မင်းစုံတောင် ဘေးမဲ့တောဥယျာဉ်သို့သဘာဝအတိုင်းနေထိုင် ကျက်စားနိုင်ရန်ပြန်လည် လွှတ်ပေးခဲ့ လျက်ရှိကြောင်း ၂၀၂၃ ခုနှစ် ကြယ်လိပ်သားပေါက်ရာသီတွင် ဥတစ်လုံးထဲမှ ရင်ချင်း ဆက်အမွှာကြယ်လိပ်တစ်စုံလည်းပေါက်ပွားရှင်သန်လျက်ရှိကြောင်းသိရသည်။
ဒီပါလင်း