ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ပြဿဒ်ကြီးဘုရား တည်ဆောက်ထားမှု ဗိသုကာပညာရပ် ကျွမ်းကျင်မှုကို လေ့လာနိုင်

ညောင်ဦး  ဇူလိုင်  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ အေဒီ ၁၃ ရာစု အစောပိုင်း ကတည်ထားခဲ့သည့် ပြဿဒ်ကြီးဘုရား တည်ဆောက်ထားသည့် ဗိသုကာပ ညာရပ်ကျွမ်းကျင်မှုများကို လေ့လာနိုင်ကြောင်း သိရသည်။

ဩပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ပြဿဒ်ကြီးဘုရားကို အေဒီ ၁၃ ရာစုအစောပိုင်းတွင် တည်ထားကိုးကွယ်ခဲ့ကြောင်း ပြဿဒ်ကြီးစေတီသည် လိုဏ်နှစ်ဆင့်ခံစေတီပေါက်ဂူဘု ရားတစ်ဆူ ဖြစ်သည်။ပြဿဒ်ကြီးဘုရားသည် အလွန်ကြီးမားသည့် အံ့ဩဖွယ်ရာကောင်း မွန်သော စေတီတော်ဖြစ်ပြီး ပုဂံမြို့၏ အရှေ့တောင်ဘက်တွင်တည်ရှိသည်။ အဆိုပါ ပြဿဒ်ကြီး ဘုရားတွင် ကြီးမားသော ရပ်တော်မူနှင့်ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ပေါင်း များစွာကို ကိုယ်နေ ဟန်ထားအမျိုးမျိုးဖြင့် ဖူးမြှော်တွေ့မြင်နိုင်သည်။နှောင်းပိုင်းကာလစေ တီပုထိုးများ၏ ကြီးမား ခမ်းနားသောအခန်းများနှင့်ကျယ်ဝန်းသော စင်္ကြန်လျှောက်လမ်းများ တည်ဆောက်ထားမှုကို ကြည့်ခြင်းအားဖြင့် ပုဂံခေတ်အဆောက်အဦ တည်ဆောက်ဖန်တီးသူများ၏ ဗိသုကာပညာရပ်ဆိုင်ရာကျွမ်းကျင်မှုနှင့်တိုးတက်ကောင်းမွန်သော ဗိသုကာပညာရပ်များကို သိမြင်လေ့လာတွေ့ ရှိနိုင်သည်။

ပြဿဒ်ကြီးဘုရား၏ အရှေ့မြောက်ဘက်တွင် လေးမျက်နှာဘုရား၊ ဘုရားသုံးဆူ၊ ဆင်များရှင် အုတ်ကျောင်းတိုက်၊ အနောက်မြောက်ဘက်တွင် စူဠာမဏိဘုရား၊ ဓမ္မရံကြီး ဘုရား၊ အိုးထိန်း တောင်ကုန်းနှင့်ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲတွင်  ဘုရား၊ စေတီ၊ ပုထိုး၊သာသနိက အဆောက်အအုံများကိုလေ့လာနိုင်ကြောင်းသိရသည်။

ဒီပါလင်း