သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်မည်

သာစည် မတ် ၄

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် နွေရာသီအားကစားနည်းသင်တန်းများကို မတ် ၅ ရက်နေ့မှစတင်၍ မြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းထွန်းဦးထံက သိရသည်။

အဆိုပါ သင်တန်းများတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်းနှင့်ပြေးခုန်ပစ်အားကစားနည်းများကို အခြေခံမှစတင်၍ မတ်လကုန်အထိနေ့စဉ် ညနေ ၃ နာရီခွဲမှ ၅ နာရီခွဲအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းများသို့ စိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ပြီး တက်ရောက်လိုသူများအနေဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ ဖုန်း ၀၉၄၃၀၆၈၃၅၅ နှင့် ၀၉၇၇၉၉၅၃၅၃၂ သို့လည်းကောင်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။         

မြို့နယ်(ပြန်/ဆက်)