ရွှေတောင်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်ထက် ဘိုးဘွားများအား လူမှုရေးပင်စင် သွားရောက် ထောက်ပံ့ပေးအပ်

ရွှေတောင် မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းအုပ်စုနှင့် နွားမယံကျေးရွာအုပ်စုများအတွင်းရှိ အသက်(၈၅) နှစ်ထက် ဘိုးဘွားများအား ယနေ့နံနက်ပိုင်းက လူမှုရေးပင်စင်များအိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုသို့  ထောက်ပံ့ပေးအပ်ရာတွင် ရွှေတောင်မြို့နယ်တွင် အသက် (၈၅)နှစ်အထက် ဘိုးဘွား (၁၀၁၄) ဦးရှိရာ ဆည်ကြီးကုန်းအုပ်စုနှင့် နွားမယံကျေးရွာအုပ်စုများအတွင်းရှိ အသက်(၈၅) နှစ်ထက်ဘိုးဘွား (၅၅)ဦးအား တတိယ (၃)ပတ် (အောက်တိုဘာ  ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ )လများအတွက် တစ်လလျှင် (၁၀၀၀၀) ကျပ် ( ၃)လစာ တစ်ဦးလျှင် ( ၃၀၀၀၀)ကျပ် နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၆၅၀၀၀၀) ကျပ်ကို ရွှေတောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိမိချို၊ ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုနှင့် ဝန်ထမ်းများက    အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)