မိုင်းယု မတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှုထမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မိုင်းယုမြို့မှ ရဲစခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်းက ရဲတပ်သားသစ်တစ်ဦးတွင် ရှိရမည့် အရည်အချင်းသတ်မှတ်ချက်များ၊ ရဲတပ်သားတစ်ဦး၏ ခံစားခွင့်များ၊ ရဲတပ်သားသစ်(အမျိုးသမီး/အမျိုးသား)များ၏ လျှောက်လွှာပုံစံများနှင့် ရဲမှုထမ်းဆိုင်ရာများကို အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် ရဲအုပ်နိုင်နိုင်ဝင်းနှင့် အဖွဲ့တို့က ရဲတပ်သားသစ်ဆိုင်ရာနှင့် ရဲမှုထမ်းခြင်းဆိုင်ရာများ ဖော်ပြပါရှိသည့် အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများ အသိပညာများရရှိနိုင်ရေးအတွက် ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အားချာ