သာယာဝတီ မတ် ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ် မတ်လအတွင်း ကျင်းပဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ စာစစ်ဌာနများတွင် မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ယနေ့နံနက်ပိုင်းက ကြိုတင်၍ ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကြည့်ရှုစစ်ဆေးမှုတွင် မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မော်လတ်နှင့် ဝန်ထမ်းများက တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျင်းပဖြေဆိုကြမည့် အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများ၌ ကြီးကြပ်ရေးရုံးခန်းများ၊ စာဖြေဆောင်များ၊ စာဖြေခန်းများနှင့် ပတ်ဝန်းကျင်များအား မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စနစ်တကျ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)