ငဖဲ မတ် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသားကျောင်းသူ (၂၁၀) ဦး ဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားကြောင်းသိရသည်။
ငဖဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း ငဖဲနှင့် ပဒါန်းစာစစ်ဌာန (၂) ခုတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ငဖဲစာစစ်ဌာနတွင် ကျောင်းသားကျောင်းသူ အတွင်းဖြေ (၁၀) ဦး၊ အပြင်ဖြေ (၂) ဦး စုစုပေါင်း (၁၂) ဦး၊ ပဒါန်းစာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ အတွင်းဖြေ (၁၇၀) ဦး၊ အပြင်ဖြေ (၂၈) ဦး စုစုပေါင်း (၁၉၈) ဦး စာစစ်ဌာန (၂) ခုတွင် ဖြေဆိုသူပေါင်း (၂၁၀)ဦး ဝင်ရောက်ဖြေဆိုရန် ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို အတွင်းဖြေ ကျောင်းသား ကျောင်းသူများက မိမိတက်ရောက်နေသည့်ကျောင်းများတွင် ထုတ်ယူကြပြီး အပြင်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများက မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ယူလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)