ရေနံချောင်း မတ် ၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ဦးစီးမှူးရုံးမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာများတွင် Census Unit ရေးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ အဆောက်အဦး ၅၁၁၈ လုံးကို ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်အောင်ကျော် ဦးဆောင်၍ ဌာနဝန်ထမ်းများ၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စားရင်းကောက်ယူရေးအဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ စာရေးဝန်ထမ်းများပူးပေါင်း၍ ဇန်နဝါရီ ၁၈ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ မြို့ပေါ်ရက်ကွက် ၇ ရပ်ကွက်မှ အပိုင်း ၅၄ ပိုင်းရှိ အဆောက်အအုံ ၅၁၁၈ လုံးကို ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသော ရပ်ကွက်/ကျေးရွာများကိုလည်း ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)