ရွှေသောင်ယံမြို့ အသောကာရာမကျောင်းတိုက်တွင် ဌာနဆိုင်ရာများစုပေါင်း ဝါဆိုသင်္ကန်းကပ်လှူ

ရွှေသောင်ယံ ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက် အသောကာရာမ ကျောင်းတိုက်တွင် ယနေ့နံနက်(၉)နာရီက မြို့အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကိုပြုလုပ်ခဲ့ကြသည်။

ထိုသို့ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရာသို့ အမှတ်(၂)ရပ်ကွက်အသောကာရာမ ကျောင်းတိုက်ဆရာတော် နှင့်သံဃာတော် အရှင်သူမြတ်(၅)ပါးကြွရောက်၍သီလပေးခြင်း၊ ပရိတ်တရား တော်များ ရွတ်ဖတ်ခြင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူ ဒါန်းရခြင်းအကျိုးကျေးဇူးနှင့် သက်ဆိုင်သည့် တရားတော်များဟောပြောခြင်း၊ ရွှေသောင်ယံမြို့၊ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့အောင် ဦးဆောင်သောဌာန ဆိုင်ရာများမှဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှု အစုစုတို့ကို ရေစက်ချအမျှပေးဝေခြင်း များပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ရွှေသောင်ယံမြို့ခေတ္တအုပ်ချုပ်‌ရေးမှူး ဦးချမ်းမြေ့အောင်နှင့် အတူဌာနဆိုင်ရာဝန်ထမ်းများ၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေး မှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)