သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကြီးတိုင်းကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

သရက် ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က  မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ  လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ယမန်နေ့ နေ့လယ် ၁ နာရီက ကြီးတိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ညောင်ဇစ်ကျေးရွာ၊ ကြီးတိုင်းကျေးရွာနှင့် အုတ်ရှစ်ကုန်းကျေးရွာတို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် မြို့မ ရဲစခန်းမှူးတို့က ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ပြောကြားခဲ့ပြီး ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားကာ   ဒေသခံပြည်သူများ၏  သိရှိလို၍ မေးမြန်းချက်နှင့် တင်ပြချက်များအား တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်