အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲပြုလုပ်

လားရှိုး ဇူလိုင် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး နှင့် အရာရှိ၊စစ်သည်၊မိသားစုများ ၊ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ဗဟာဗောဓာရုံကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွား ချီးမြှင့် တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် တိုင်းမှူးနှင့်အခမ်းအနားသို့ တက်ရောက်လာကြသူများက သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဇမ္ဗူအေးအေတီတပ်ဦး ပရိယတ္တိ စာသင်တိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကာ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။

စိုင်းထွန်း(လားရှိုး)