ရခိုင်ပြည်နယ် မောင်တောမြို့၌ ဗဟိုလ်ကျောင်းတိုက်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများက  စုပေါင်းသန့်ရှင်းရေး ပြုလုပ်

မောင်တော ဇူလိုင် ၂၈

ရခိုင်ပြည်နယ် မောင်တောခရိုင် ၊ မောင်တောမြို့၌ ဗဟိုလ်ကျောင်းတိုက်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ယနေ့ နံနက်ပိုင်းက စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ဗဟိုလ်ကျောင်းတိုက်ခြံဝင်းအတွင်း အပြင်ရှိ မြက်ပင် ၊ ပေါင်ပင်၊ ၊ ချုံနွယ်များ အား သန့်ရှင်းသာယာလှပစေရေးအတွက် ခုတ်ထွင်ရှင်းလင်းခြင်း ၊ရေမြောင်းများရှိ အမှိုက်သရိုက်များအား ဆယ်ယူခြင်း၊ ဘုရား စေတီအနီးအနားရှိ  အမှိုက်သရိုက်များကို ကောက်ယူခြင်း ၊ တံမြက်စည်းလှဲခြင်း စသည့်တို့ကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပြီး စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်းကားဖြင့်  သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အောင်ကျော်စိန် ၊သက်လွင်စိုး(ပြန်/ဆက်)