ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ စက်လှေကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ရေး သင်တန်းဆင်း သရုပ်ပြပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
Jul 29,2023
ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင်မြစ်ချောင်းများပေါများသောကြောင့် ဘေးအန္တရာယ်များဖြစ်ပွားလာပါက ကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနကပြုလုပ်သည့် စက်လှေကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ရေး သင်တန်းဆင်း သရုပ်ပြပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကန်သုံးဆင့်ရေကန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒုတိယတိုင်းမှူး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။