သတင်းများ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒိုက်ဦးမြို့နယ် ဗျက်ကလေးကျေးရွာရှိ ကွန်ကရစ်တံတား တည်ဆောက်မည့်နေရာအား လှည့်လည်ကြည့်ရှု
Jul 30,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဗျက်ကြီးကျေးရွာအုပ်စု၊ ဗျက်ကလေး ကျေးရွာသို့ ယမန်နေ့ နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက် ညွှန်ချုပ် (DG) ဦးသိန်းလွင်၊ တိုင်းဦးစီးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ရောက်ရှိ၍ ဗျက်ကလေး ကျေးရွာ၌ တည်ဆောက်မည့် ကွန်ကရစ်တံတား‌နေရာ အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ကျောက်တော်မြို့နယ် မြို့သစ်မှန်ကျောင်းဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jul 30,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မြို့သစ်မှန်‌ကျောင်း ဘုန်းတော်ကြီးကျောင်း သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်း ရှေ့မျက်နှာစာ၌ ပြုလုပ်ခဲ့ကြသည်။
ကန့်ဘလူမြို့နယ်တွင် ဧရာမင်းစပါး မျိုးစေ့ထုတ် စိုက်ပျိုးပြသခြင်းကွင်းသရုပ်ပြပွဲ ကျင်းပ
Jul 29,2023
 ကန့်ဘလူမြို့နယ်တွင် မျိုးသန့်စပါးမျိုးများ ဖူလုံစေရေးနှင့်မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး အတွက် ဒေသခံတောင်သူများ မိုးစပါးနှင့်ပတ်သက်ပြီး လိုက်နာရမည့်အချက်များ၊ ပျိုးသက်မှန် စိုက်ပျိုးရေးနှင့် တစ်ဧကကောက်ကွက် ပြည့်မီရေး မလစ်ဟင်းစေရေးအတွက် ခရိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ လက်တွေ့ကွင်း သရုပ်ပြသခြင်းကို ဇူလိုင်(၂၉)ရက်၊ နံနက်ပိုင်းက  ကွင်းအမှတ်ဆင်သေကွင်း၊ဦးပိုင်အမှတ်(၄)တောင်သူ ဦးမျိုးနိုင်၏ စိုက်ကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခိုလမ်မြို့၊ အ.မ.က(မူလွန်)ဝမ်ဖွီးကျောင်း၌ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ဃန်း ကပ်လှူပူဇော်ပွဲကျင်းပ
Jul 29,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ.မ.က(မူလွန်)ဝမ်ဖွီးကျောင်း၌ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ဃန်း ကပ်လှူပူဇော်ပွဲကို ယနေ့ နံနက်(၁၀:၃၀)အချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
မာန်အောင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့်ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများဆောင်ရွက်
Jul 29,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မိုးရာသီကာလ ခြင်ကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်၉နာရီကကမ်းနားရပ်ကွက်နှင့် ရန်အောင်မြင် ရပ်ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မာန်အောင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့်ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများဆောင်ရွက်
Jul 29,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မိုးရာသီကာလ ခြင်ကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်၉နာရီကကမ်းနားရပ်ကွက်နှင့် ရန်အောင်မြင် ရပ်ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုင်းကိုင်မြို့နယ်တွင် သန်းခေါင်စာရင်းယူနစ်များ (Census Units) ရေးဆွဲခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jul 29,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းယူနစ်များ (Census Units) ရေးဆွဲခြင်းလုပ်ငန်းကို ယနေ့မနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ စတင်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jul 29,2023
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးစာရာများ၊ Book Club အသင်းနှင့် စာပေချစ်မြတ်နိုးသူများ တို့ပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသော လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။