တွံတေးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေရရှိသူများအား စာချုပ်ချုပ်ဆို၍ ချက်လက်မှတ်ပေးအပ်

တွံတေး ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေရရှိသူများအား စာချုပ်ချုပ်ဆို၍ ချက်လက်မှတ် ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တော်ဝင်စန္ဒကူးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရရှိသူ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူ(၅၄)ဦး၊ ဧက(၇၆၂.၃၈)ဧက၊ ချေးငွေပမာဏကျပ်သိန်း(၁၅၁၅)သိန်းနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၁)ဦး ချေးငွေပမာဏ ကျပ်သိန်း(၁၅၀)သိန်း စုစုပေါင်း ကျပ်သိန်း(၁၆၆၅)သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှု ကော်မတီဝင်များမှ ချက်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပထမအကြိမ် ‌အသားတိုးကြက်မွေးမြူရေး လုပ်ကိုင်သူ(၁)ဦးအား ငွေကျပ်(၅၀၀)သိန်း၊ ဒုတိယအကြိမ်တွင် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၃)ဦး ကျပ်သိန်း(၃၅၀)၊ စိုက်ပျိုးရေး လုပ်ကိုင်သူ (၁၅)ဦး (၂၄၁.၁၈ )ဧက၊ ကျပ်သိန်း (၄၉၄)သိန်း၊ MSME လုပ်ငန်းလုပ်ကိုင်သူ(၁)ဦး၊ ကျပ်သိန်း(၃၄၀)သိန်း ထုတ်ချေးပေးပြီး တွံတေးမြို့နယ်အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၆၉)ဦး၊ (၁၀၀၃.၅၆)ဧက၊ ငွေကျပ်သိန်း(၂၀၀၉)သိန်း၊  မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၅)ဦး၊ ကျပ်သိန်း(၁၀၀၀)၊ MSME လုပ်ငန်း လုပ်ကိုင်သူ(၁)ဦး၊ ငွေကျပ်(၃၄၀)သိန်း စုစုပေါင်း ကျပ်သိန်း(၃၃၄၉) သိန်းအား စာချုပ်ချုပ်ဆို၍ ချက်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီဝင်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရရှိသူ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

တွံတေးသား