ရေးမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချ
Jul 29,2023
မွန်ပြည်နယ်အစိုးရဖွဲ့၏လမ်းညွန်မှုဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တွင် အခြေခံစားသောက်ကုန်စည်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ရေးမြို့ အောင်မင်္ဂလာရပ်ကွက် ချောင်းတောင်တံတားကြီးအနီး၌ ယမန်နေ့ မွန်းလွဲပိုင်းမှ စတင်ရောင်းချပေးလျက်ရှိသည်။