ဖြူးမြို့နယ်၌ ပြည်သူများအား စျေးနှုန်းချိုသာစွာဖြင့် စားသောက်ကုန်များ ရောင်းချပေး
Jul 29,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူများစျေးနှုန်းချိုသာစွာဖြင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးနိုင်ရန်အတွက်နေ့စဉ်ဖြူးမြို့မစျေးအနီး၌ ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း ဆက်လက်ရောင်းချပေးရာ ဝယ်ယူလျက်ရှိကြောင်း သိရသည်။