သတင်းများ

ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာများထားရှိရန် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံတွင် ပြင်ဆင်လျက်ရှိ
Sep 21,2020
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာများထားရှိရန် အတွက် ရန်ကုန်ပြည်ကားလမ်းဘေးရှိ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံတွင် စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်ပြီး ပြင်ဆင်လျက်ရှိသည်။
ပုလောမြို့နယ်၌ ပုံမှန်၀င်ငွေမရှိသော အခြေခံအိမ်ထောင်စု (၁၃၀၃၄) စုအတွက် (တတိယ အကြိမ်)ထောက်ပံ့ငွေများပေးအပ်
Sep 21,2020
ပုလောမြို့နယ်အတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများကို လက်၀ယ်အရောက် ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေများ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီက ပုလောမြို့နယ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ တွင် အသုံးပြုနိုင်ရန် အလှူငွေများ၊ PPE ဝတ်စုံများနှင့် Mask များ လှူဒါန်း
Sep 21,2020
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ အလှူငွေ များ၊ PPE ဝတ်စုံများနှင့် Mask မျာ
ကလေးမြို့နယ်တွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပရပ်ကွက်များအတွင်းသို့ သွားလာ လျက်ရှိသည့် ပြည်သူများအား ပူးပေါင်းအဖွဲ့များမှ စစ်ဆေးအရေးယူဆောင်ရွက်
Sep 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကလေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပရပ်ကွက်များ အတွင်းသို့ သွားလာလျက်ရှိသည့် ပြည်သူများအား ပူးပေါင်းအဖွဲ့များက စစ်ဆေးအရေးယူခြင်းကို ယနေ့နံနက် ၁၀ နာရီမှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော (၁၀၇/၂၀၂၀) အမိန့်ကြေညာချက်များအား ပြည်သူများ သိရှိလိုက်နာ‌ နေထိုင်နိုင်ရေး လိုက်လံကြေညာ
Sep 21,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁၊ပုဒ်မခွဲ (ခ) လုပ်ပိုင်ခွင့်အရ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ထားသော အမိန့်အမှတ်(၁၀၇/၂၀၂၀) အမိန့်ကြေညာချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေးအတွက်
Hlaing Quarantine Center (1) တွင် Positive လူနာများနှင့် ထိတွေ့ခဲ့သူများအား Swab ယူ၍ စစ်ဆေးပေး
Sep 21,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ Positive လူနာများနှင့် ထိတွေ့ခဲ့သူများ အားထားရှိရန် Quarantine Center နေရာများ မလုံလောက်သောကြောင့် လှိုင်မြို့ နယ်အတွင်းရှိ အ.မ.က  (၂၆) နှင့် အ.လ.က (၅) ကျောင်းတို့အား Quarantine Center များ အဖြစ် လှိုင်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ Positive လူနာများနှင့် ထိတွေ့ ခဲ့သူများ
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် စောင့်ကြည့်လူနာများအား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ရယူခြင်း လုပ်ငန်းများဆောင်ရွက်
Sep 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ Community Based Facility Quarantine Centre များတွင် ထားရှိသော(စောင့်ကြည့်လူနာ)များအား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ရယူ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။