ခိုလမ် ဇူလိုင် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ.မ.က(မူလွန်)ဝမ်ဖွီးကျောင်း၌ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ဃန်း ကပ်လှူပူဇော်ပွဲကို ယနေ့ နံနက်(၁၀:၃၀)အချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင် ဖွင့်လှစ်ခဲ့ပြီး ဆရာတော် ဦးဇောတိကနှင့်ဆရာတော်၊ သံဃာတော်များမှ ဩကာသကန်တော့ချိုး၊ (၅)ပါးသီလ ဆောက်တည်ခြင်း၊ ပဋ္ဌာန်းရွတ်ဖတ်ပေးခြင်း တို့ကို ကုသိုလ်ရနိုင်စေရန် ရွတ်ဖတ်ပူဇော် ပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဆရာ/ဆရာမများနှင့်မြို့မိမြို့ဖများမှ ကန်တော့ခံ ပစ္စည်းများ၊ အလှူငွေများ ဆပ်ကပ်လှူဒါန်းပေးခဲ့သည်။
ဝါဆို သင်္ဃန်း ကပ်လှူပူဇော်ပွဲ သို့ကြွရောက်လာသော ဆရာတော်သံဃာတော်ရှင်သူမြတ် များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ တက်ရောက်လာသော ဧည့်သည်များအား နေ့လည်စာ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
နေလင်းထွန်း (ပြန်/ဆက်)